အိုင်တီမြန်မာအကြောင်း
အိုင်တီမြန်မာ (IT Myanmar) ပေါ်ပေါက်လာပုံ
အိုင်တီမြန်မာ (IT Myanmar) ကို မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် နည်းပညာအချက်အချာ ဖြစ်သော ဆိပ်ကမ်းသာလမ်း (ကွန်ပျူတာလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့အချိန်အထိဆိုရင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသော IT Solution Provider အဖြစ် ရပ်တည်လာခဲ့ပါသည်။
စတင် တည်ထောင်ချိန်မှစ၍ အိုင်တီမြန်မာသည် “နည်းပညာကို ရောင်းချခြင်း” ထက်“လုပ်ငန်းအတွက် အမှန်တကယ် အကျိုးရှိစေခြင်း” ကို အဓိကရည်ရွယ်ချက်အဖြစ် ခံယူထားခဲ့ပါသည်။ လုပ်ငန်းရှင်များ၏ အခက်အခဲများ နှင့် လက်တွေ့လိုအပ်ချက်များကို အရင်ဆုံး နားထောင်ဆွေးနွေးပြီး၊ ထိုနောက်မှ လက်တွေ့အသုံးချနိုင်ပြီး အကျိုးဖြစ်ထွန်းစေသော Digital & IT Solution ဝန်ဆောင်မှုများကို တစ်ဆင့်ချင်း စနစ်တကျ အကြံပြု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အိုင်တီမြန်မာကို စိတ်ရင်းကောင်းမွန်၍ တာဝန်ခံစိတ်ရှိသော စီမံခန့်ခွဲသူများ နှင့် အတွေ့အကြုံရှိ နည်းပညာအဖွဲ့ တို့က နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျ စီမံခန့်ခွဲ လည်ပတ်လျက်ရှိပြီး၊ ကာစန်မာ တစ်ဦးချင်းစီကို တဒင်္ဂဆက်ဆံရေးအဖြစ် မမြင်ပဲ၊ ရေရှည် လက်တွဲသွားမည့် လုပ်ငန်းမိတ်ဆွေမွန်များအဖြစ် အမြဲ လေးစာဆက်ဆံပါသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း Office IT System ဝန်ဆောင်မှုများ၊ Digital Marketing ဝန်ဆောင်မှုများ၊ Business Management System ဝန်ဆောင်မှုများ၊ နှင့် Industry-specific Solution များကို မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ထိုအတွေ့အကြုံများကြောင့် ကာစန်မာများ၏ ယုံကြည်မှု၊ ထပ်မံအပ်နှံမှု၊ နှင့် မိတ်ဆွေများထံ အကြံပြုမှုများ ကို ဆက်လက်ရရှိလာခဲ့၍၊ ၎င်းတို့အားလုံးသည် ယနေ့အချိန်အထိ အိုင်တီမြန်မာ၏ အရေးကြီးဆုံး အင်အားနှင့်အရင်းအမြစ်များ ဖြစ်လာခဲ့ပါသည်။
ယနေ့အခါတွင် အိုင်တီမြန်မာသည် နည်းပညာပြောင်းလဲမှုများနှင့်အညီ ခေတ်မီ Digital & IT Solution များကို ဆက်လက်အဆင့်မြှင့်တင်ပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော IT Solution Partner အဖြစ် ရေရှည်လက်တွဲနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပါသည်။
အိုင်တီမြန်မာပန်းတိုင်
ကျွန်ုပ်တို့ အိုင်တီမြန်မာသည် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ၏ မိရိုးဖလာလုပ်ငန်းစဉ် (Traditional Business Process) များမှ အဆင့်မြင့်မား၍ အကျိုးဖြစ်ထွန်းစေနိုင်သော ခေတ်မှီဒီဂျစ်တယ်နှင့်အိုင်တီလုပ်ငန်းစဉ် (Digital & IT Process) များသို့ လွယ်ကူစွာ အသွင်ကူးပြောင်းနိုင်စေရန်
- ဆွေးနွေးအကြံပြုခြင်း နှင့် လမ်းညွှန်ပေးခြင်း၊
- အလုပ်အပ်နှံမှုများကို တာဝန်ယူ၍ စနစ်တကျ ဆောင်ရွက်ပေးခြင်း၊
- ကာစန်မာ စနစ်အသုံးပြုမှုအတွက် Customer Service နှင့် နည်းပညာအထောက်အပံ့ ပေးခြင်း၊
- အခက်အခဲများ၊ ဆွေးနွေးတိုင်ပင်မှုများကို အချိန်နှင့်တပြေးညီ လက်ခံဖြေရှင်းပေးခြင်း၊
စသည်တို့ကို ဆောင်ရွက်ကာ Client ၏ လုပ်ငန်းကို အမှန်တကယ် အကျိုးများစေနိုင်သော IT Solution များကို တာဝန်ယူ၍ ထောက်ပံ့ပေးလျှက် ရှိပါသည်။
ကျွန်ုပ်တို့ IT Myanmar သည် ယနေ့ခေတ် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် အမှန်တကယ် အကျိုးရှိစေနိုင်သော Digital & IT နည်းပညာများကို ဆန်းသစ်တီထွင် ဖန်တီးပေးနေသော ယုံကြည်လေးစားအပ်နှံနိုင်သည့် (Admirable & Respected) IT Solution Provider ဖြစ်လာရန်ကို ရှုမြင်ပါသည်။
ထို့အပြင် ကျွန်ုပ်တို့ IT Myanmar သည် ပါဝင်သူအားလုံးအနေဖြင့် ရိုးသားကြိုးစားမှု၊ အပြန်အလှန်လေးစားမှု၊ ပွင့်လင်းမြင်သာမှု စသည့် အခြေခံစံတန်ဖိုးများကို အစဉ်အမြဲ တန်ဖိုးထား စောင့်ထိန်းကြစေရန် တိုက်တွန်းအားပေးပြီး ပါဝင်သူအားလုံးအတွက် ကောင်းမွန်သော Work Environment နှင့် Happy Community ကို အတူတကွ တည်ဆောက်သွားရန် ရှုမြင်ပါသည်။
စွမ်းဆောင်ရည်မြင့်မား (High-Performance Solutions)
အိုင်တီမြန်မာ၏ စနစ်များသည် အိုင်တီနည်းပညာ၊ မားကက်တင်းရှုထောင့်၊ စီမံခန့်ခွဲမှုရှုထောင့်၊ နှင့် ယနေ့ခေတ် လုပ်ငန်းများ၏ လက်တွေ့အသုံးပြုမှု နှင့် တုံ့ပြန်မှု အချက်အလက်များကို အခြေခံ၍ စွမ်းဆောင်ရည်မြင့်မားပြီး အသုံးပြုရလွယ်ကူသော စနစ်များကို ထူထောင်၍ ဝန်ဆောင်မှု ပေးအပ်ပါသည်။
မုချအကျိုးရှိသောဝန်ဆောင်မှု (Impactful Service)
အိုင်တီမြန်မာသည် ကာစန်မာလုပ်ငန်းများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေသော ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများကို ပရောဂျက်အစမှ စနစ်အသုံးပြုမှုအဆုံးအထိ တာဝန်ယူ၍ ပေးအပ်ပါသည်။ ထို့ကြောင့် ကာစန်မာများအနေဖြင့် လုပ်ငန်းဆောင်တာများကို နောက်ဆံမတင်းပဲ စိတ်အေးချမ်းသာစွာ စီမံလုပ်ကိုင်နိုင်ပြီး ရေရှည်အတွက်ပါ မုချအကျိုးရှိစေမှာ ဖြစ်ပါသည်။
သင့်လုပ်ငန်းမိတ်ဆွေမွန် (Your Business Truth Partnership)
အိုင်တီမြန်မာသည် ကာစန်မာနှင့် ပြောဆိုဆက်သွယ်မှု၊ နှင့် ဝန်ဆောင်မှုများ ပေးအပ်မှုတိုင်းတွင် ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သားမှု၊ နှင့် နှစ်ဖက်အကျိုးများစေသော ရေရှည်ဆက်ဆံရေး တို့ကို အဓိကတန်ဖိုးထား စောင့်ထိန်းလိုက်နာ ဆောင်ရွက်ပါသည်။
contact@infotechmyanmar.com
09 400 000 876 (+95)