Windows မှာ ငွေကိုင်စက် (Receipt) ပရင်တာ တပ်ဆင်နည်း

စားသောက်ဆိုင်စနစ် (သို့) လက်လီစနစ် (Cloud-based) အသုံးပြုဖို့အတွက် ပြေစာပရင်တာ (80mm slip printer) ကို Window Computer/ Laptop တွင် တပ်ဆင် အသုံးပြု လမ်းညွှန်ချက် (လိုတိုရှင်း) ဖြစ်ပါသည်။

၁။ အသုံးပြုမယ့် ပစ္စည်းများ

  • ငွေကိုင်စက် (Receipt Printer) – USB port ပါတဲ့ printer
  • USB ကြိုး
  • Windows ကွန်ပျူတာ

၂။ Hardware ချိတ်ဆက်ခြင်း

  1. ကွန်ပျူတာ ဖွင့်ပါ
    • Windows boot လုပ်ပြီး Desktop ကိုရောက်ရှိထားရပါမယ်။
  2. ပရင်တာ USB ကြိုးကို ချိတ်ဆက်ပါ
    • Printer ရဲ့ USB port ကို ကွန်ပျူတာ USB port နဲ့ချိတ်ဆက်ပါ။
  3. ပရင်တာ Power ဖွင့်ပါ
    • Power switch ကို ON လုပ်ပါ။
    • LED light ဖွင့်ရင် စနစ်အဆင်ပြေပါပြီ။

၃။ ပရင်တာစက် အသုံးပြုနိုင်မလား စစ်ဆေးခြင်း (အကြမ်းဖျင်း)

  1. Windows Start Menu → Settings → Devices → Printers & Scanners ကိုဝင်ပါ
  2. USB ချိတ်ထားတဲ့ Printer ကို စစ်ပါ။ 
  3. Icon လေးပေါ်လာရင် Windows က ပရင်တာကို Detect လုပ်ထားပြီ ဖြစ်ပါတယ်။

အကယ်၍ ပရင်တာတွေ များနေပြီး Detect မသေချာဘူးဆိုရင်၊ အဲ့ဒီ Pinters & Scanner ကို ဖွင့်ထားတုန်း Printer Power ကို အဖွင့်/အပိတ် ပြုလုပ်ကြည့်ပါ။ အကယ်၍ ချိတ်ဆက်မှုကို Detect တွေ့ရှိတယ်ဆိုရင် အကြမ်းဖျင်း စစ်ဆေးမှု အောင်မြင်ပါပြီ။

ဒါပေမယ့် အဲ့ဒါက ပရင်တာ အလုပ်လုပ်ပြီး မဆိုနိုင်သေးပါဘူး။ ယေဘုယျအားဖြင့် Printer Driver ကို စက်ထဲမှာ install လုပ်ရဦးမှာပါ။


၄။ Driver တင်နည်း (အကြမ်းဖျင်း)

  1. ပရင်တာ ထောက်ပံ့ထားတဲ့ CD/DVD Driver သို့မဟုတ် Manufacturer Website မှ USB Printer Driver ရယူပါ
  2. Installer (.exe) ဖိုင်ကို double-click လုပ်ပြီး Next → Install လုပ်ပါ
  3. Installation အပြီး ကွန်ပျူတာကို Restart လုပ်ပါ

မှတ်ချက်: Windows Update ကနေတောင် Driver တင်နိုင်ပါတယ်၊ ငွေကိုင်စက်အမျိုးအစားပေါ်မူတည်ပြီး Driver လိုအပ်မှုရှိနိုင်သည်။


၅။ Driver မှန်မမှန် စစ်ဆေးခြင်း

၅.၁ Test Print

  1. Start → Settings → Devices → Printers & Scanners
  2. သင်တင်ထားသော ပရင်တာကိုရွေးပြီး Manage → Print a test page ကိုနှိပ်ပါ
  3. Printer မှာ စာမျက်နှာ ၁ မျက်နှာထုတ်ရပါမယ်
    • ထုတ်ရင် Driver မှန်ပါတယ်
    • မထုတ်ရင် Driver ပြန်တင်ပါ

၅.၂ Wikipedia Page တင်ပုံစမ်းခြင်း

  1. Browser မှာ Wikipedia အနည်းဆုံးစာမျက်နှာဖွင့်ပါ
  2. Ctrl + P နှိပ်ပြီး Print dialog ဖွင့်ပါ
  3. Printer ရွေးပြီး 1 page only ရွေးပါ
  4. Print နှိပ်ပြီး ထုတ်ကြည့်ပါ

မှတ်ချက်: စာမျက်နှာမှန်စွာထွက်ရင် Printer Ready ဖြစ်ပြီး စနစ်အသုံးပြုနိုင်ပါပြီ။


၆။ တပ်ဆင်မှု ပြီးစီးခြင်း

  • ငွေကိုင်စက် (Receipt Printer) Windows မှာ USB ဖြင့် Ready ဖြစ်ပါပြီ

💡 အပိုအကြံပြုချက်များ

  • စနစ်အသုံးပြုနေစဉ် ပရင်တာ မရတော့ဘူးဆိုရင် အမြန်ဆုံး အလွယ်ကူဆုံး ပရင်တာ စစ်ဆေးပါ
  • Window test print ထုတ်ကြည့်ပါ
  • Browser မှာ Wikipedia အနည်းဆုံးစာမျက်နှာ (သို့) တစ်မျက်နှာကို ပရင်ထုတ်ကြည့်ပါ

What's Your Reaction?

like

dislike

love

funny

angry

sad

wow