ကျောင်းသားများ အမေးများမေးခွန်းများ –  စာကြည့်တိုက် အက်ပ်များ (FAQs)

စာကြည့်တိုက် သင်ထောက်ကူ မိုဘိုင်းအပ်နှင့် ပတ်သက်ပြီး ကျောင်းသားများ အမေးများသည့် မေးခွန်းများနှင့် အဖြေများကို စုစည်းဖော်ပြပေးထားပါသည်။

ကျောင်းသားများ အမေးများမေးခွန်းများ –  စာကြည့်တိုက် အက်ပ်များ (FAQs)

ကျောင်းသားများ အမေးများမေးခွန်းများ –  စာကြည့်တိုက် သင်ထောက်ကူ မိုဘိုင်းအက်ပ် (FAQs)

၁။ မန်ဘာအဆင့်မြှင့်/ဝယ်ယူရန် ဘယ်လိုလုပ်ရမလဲ؟

App ကို ဖုန်းထဲ install လုပ်ပြီး အစမ်းသုံးကာလ ပြီးဆုံးပါက မန်ဘာအဆင့်မြှင့်နိုင်ပါပြီ။

အဆင့် ၁ – App ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်ရှိ Member/Profile icon ကို နှိပ်ပါ။
အဆင့် ၂ – မိမိလိုချင်သော Plan (၃လ၊ ၆လ၊ ၁နှစ် စသည်) ကို ရွေးပါ။
အဆင့် ၃ – ကျသင့်ငွေကို သတ်မှတ်ထားသော နည်းလမ်းဖြင့် လွှဲပါ။ ငွေလွှဲပြေစာ/screenshot ကို သိမ်းထားပါ။
အဆင့် ၄ – ဖောင်ဖြည့်ပြီး ငွေလွှဲပြေစာ screenshot ကို ပူးတွဲပို့ပါ။

Admin အဖွဲ့မှ စစ်ဆေးပြီး ပုံမှန်အားဖြင့် မိနစ် ၃၀ အတွင်း (ရုံးချိန်အတွင်း) အကောင့်ကို ဖွင့်ပေးပါမည်။ ရုံးချိန်ပြင်ပ ဖြစ်ပါက နောက်ရက်သို့ ရွှေ့နိုင်ပါသည်။


၂။ အစမ်းသုံးကာလ ပြီး/မပြီး ဘယ်လိုသိရမလဲ?

App ညာဘက်အပေါ်ထောင့်ရှိ Member card/icon ကို ကြည့်ပါ။

  • ၎င်း icon သည် Grey ဖြစ်နေပါက အစမ်းသုံးကာလ သို့မဟုတ် အသုံးပြုခွင့် ပြီးဆုံးသွားပါပြီ။

  • ဆက်သုံးလိုပါက icon ကို နှိပ်ပြီး မန်ဘာအဆင့်မြှင့်ခြင်းကို ဆက်လုပ်ပါ။


၃။ ဘယ်လောက်ကျသင့်သလဲ?

အသုံးပြုမည့် App နှင့် ရွေးချယ်သော Plan (၃လ၊ ၆လ၊ ၁နှစ် စသည်) အပေါ် မူတည်ပါသည်။

လက်ရှိစျေးနှုန်းများကို App အတွင်းရှိ Membership/Plan စာမျက်နှာတွင် ကြည့်ပါ။


၄။ ခလုတ်နှိပ်သောအခါ အသံ တစ်ခါတစ်ရံထွက်၊ တစ်ခါတစ်ရံမထွက် ဖြစ်နေသည်။

ဖုန်းနှေးနေခြင်း သို့မဟုတ် memory နည်းနေခြင်း ဖြစ်နိုင်ပါသည်။

  • မလိုအပ်သော အက်ပ်/ဖိုင်များကို ဖျက်ပါ။

  • App cache ကို ရှင်းပါ။

  • ဖုန်းကို restart လုပ်ပါ။

  • App ကို update လုပ်ပါ။

  • ဖုန်း၏ Media volume နှင့် Silent/Mute mode ကို စစ်ပါ။

မရသေးပါက ဖုန်းအမျိုးအစား၊ Android version နှင့် ပြဿနာအသေးစိတ်ကို sarkyitite support သို့ ပေးပို့ပါ။


၅။ ဆက်သွယ်ရန်

  • Email: sarkyitite@gmail.com

  • Telegram/Viber: +95 9682777451

  • Phone: 09 682 777 451

  • Office hours: Mon – Fri: 9:00 AM – 5:00 PM | Sat: 10:00 AM – 2:00 PM | Sun & Public Holidays: Closed

  • ငွေလွှဲစစ်ဆေးချိန်: ရုံးချိန်အတွင်း မိနစ် ၃၀ ခန့်။ ရုံးချိန်ပြင်ပ နောက်ရက်သို့ ရွှေ့နိုင်ပါသည်။

What's Your Reaction?

like

dislike

love

funny

angry

sad

wow