QR Bell နှင့် Traditional Bell ဘာကွာခြားလဲ? ဘယ်ဟာက သင့်ဆိုင်အတွက် အကောင်းဆုံးလဲ | မြန်မီနူး
သင့်စားသောက်ဆိုင်အတွက် QR Bell နှင့် Traditional Bell တို့၏ ကွာခြားချက်များကို ဘေးချင်းယှဉ် လေ့လာပါ။ ကုန်ကျစရိတ်၊ တပ်ဆင်မှု၊ သန့်ရှင်းမှု၊ လုပ်ဆောင်နိုင်စွမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုတို့ကို အသေးစိတ် နှိုင်းယှဉ်ထားပါသည်။ မြန်မီနူး QR Table Bell ဖြင့် သင့်ဆိုင်ကို ခေတ်မီအဆင့်မြှင့်လိုက်ပါ။
ခေတ်မီစားသောက်ဆိုင်တိုင်း သုံးသင့်တဲ့ Table Bell ၊ ဘယ်ဟာက အဆင်ပြေဆုံးလဲ။
ယနေ့ခေတ် စားသောက်ဆိုင်ကြီးများတွင် Restaurant Table Bell ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ အထူးသဖြင့် ဧည့်သည်များ၏ ကိုယ်ပိုင်ရပ်တည်ချက် (Privacy) ကို အလေးထားသောဆိုင်များ၊ ဝန်ထမ်းအင်အား ထိရောက်စွာ အသုံးချလိုသောဆိုင်များ၊ ဝန်ဆောင်မှုအဆင့်အတန်း မြှင့်တင်လိုသောဆိုင်များနှင့် ရေကူးကန်ဧရိယာ၊ သုံးထပ်အဆောက်အအုံ စသည့် ကျယ်ဝန်းသော နေရာများအတွက် မရှိမဖြစ် လိုအပ်သည့် အကူအညီတစ်ခု ဖြစ်ပါသည်။
Table Bell ကို ရွေးချယ်ရာတွင် အဓိက ရွေးချယ်စရာ နှစ်မျိုးရှိပြီး ၎င်းတို့မှာ –
-
QR Bell (ဆော့ဖ်ဝဲအခြေပြု) နှင့်
-
Traditional Bell (ဟာ့ဒ်ဝဲအခြေပြု – ကြိုးမဲ့ RF ခလုတ်) တို့ ဖြစ်ပါသည်။
ဤဆောင်းပါးတွင် QR Bell နှင့် Traditional Bell ကို ဘက်လိုက်နှိုင်းယှဉ်၍ သင့်ဆိုင်အတွက် မည်သည့် Bell ကို ရွေးချယ်သင့်ကြောင်း ရှင်းလင်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။
QR Bell နှင့် Traditional Bell ဘေးချင်းယှဉ် နှိုင်းယှဉ်ဇယား
| စဉ် | နှိုင်းယှဉ်သည့် အချက် | QR Bell (မြန်မီနူး) | Traditional Bell (Hardware RF) |
|---|---|---|---|
| ၁ | အသုံးပြုပုံ | ဆော့ဖ်ဝဲအခြေပြု – ဧည့်သည်က မိမိဖုန်းဖြင့် QR Scan ဖတ်ကာ virtual ခလုတ်များ နှိပ်ရသည်။ | ဟာ့ဒ်ဝဲအခြေပြု – စားပွဲပေါ်ရှိ ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကိရိယာကို တိုက်ရိုက်နှိပ်ရသည်။ |
| ၂ | ကုန်ကျစရိတ် | ကနဦးစရိတ် သင့်တင့်မျှတပြီး နှစ်စဉ်ဝန်ဆောင်ခ အနည်းငယ်သာ ကျသင့်သည်။ (စားပွဲအရေအတွက် များလျှင် ပိုသက်သာ) | ကနဦးတပ်ဆင်စရိတ် မြင့်မားသည်။ စားပွဲတိုင်းအတွက် ခလုတ်၊ Central Display နှင့် Pager များ သီးခြားဝယ်ရသည်။ |
| ၃ | စနစ်တပ်ဆင်မှု | စားပွဲများကို စနစ်အတွင်း တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ ထည့်သွင်းနိုင်သည်။ | ခလုတ်တစ်ခုချင်းကို Central Display နှင့် တစ်ခုချင်း Pair ချိတ်ပေးရသည်။ RF Signal အားနည်းပါက Repeater ထပ်တပ်ရသည်။ |
| ၄ | စားပွဲတပ်ဆင်မှု | QR စတစ်ကာ သို့မဟုတ် Standee ကို စားပွဲပေါ်တင်ရုံပါပဲ။ နေရာကျဉ်းကျဉ်းလေး လိုအပ်သည်။ | ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကိရိယာများ၊ Central Display နှင့် လက်ပတ် Pager များအတွက် နေရာကျယ်ကျယ် စီစဉ်ပေးရသည်။ |
| ၅ | လုပ်ဆောင်နိုင်စွမ်း | ခလုတ် ၄ ခုပါရှိပြီး (မီနူးတောင်း၊ ရေတောင်း၊ ငွေရှင်း၊ တိုင်ကြားချက်) ဆိုင်၏ လိုအပ်ချက်အရ စိတ်ကြိုက် ပြောင်းလဲသတ်မှတ်နိုင်သည်။ | သတ်မှတ်ထားသော Hardware ခလုတ်များသာ ရှိပြီး ပြောင်းလဲ၍ မရနိုင်သလောက်ပင်။ |
| ၆ | သန့်ရှင်းမှု (Hygiene) | Contactless – ဧည့်သည်သည် မိမိဖုန်းကိုသာ နှိပ်သောကြောင့် ဘုံခလုတ်ကို ထိတွေ့စရာ မလိုပါ။ | လူအများ ထိတွေ့နေသော Physical ခလုတ်ကို ဧည့်သည်က တိုက်ရိုက်နှိပ်ရသည်။ |
| ၇ | ပြုပြင်ထိန်းသိမ်းမှု | ထိန်းသိမ်းစရာ လုံးဝမရှိပါ။ (ဘက်ထရီလဲခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ခလုတ်ပြုပြင်ခြင်းများ မလိုအပ်) | စားပွဲတိုင်းရှိ ခလုတ်များ၏ ဘက်ထရီ၊ သန့်ရှင်းမှုနှင့် အလုပ်လုပ်မှုကို ပုံမှန်စစ်ဆေးပြုပြင်ပေးရသည်။ အချိန်နှင့် လူအင်အား ကုန်ကျသည်။ |
၁။ အသုံးပြုပုံ နှိုင်းယှဉ်ချက်
-
QR Bell – ဆော့ဖ်ဝဲအခြေပြုဖြစ်ပြီး ဧည့်သည်များသည် မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် စားပွဲပေါ်ရှိ QR ကုဒ်ကို Scan ဖတ်ကာ ဖုန်းမျက်နှာပြင်ပေါ်ရှိ virtual ခလုတ်များကို နှိပ်၍ ဝန်ဆောင်မှု တောင်းယူကြသည်။
-
Traditional Bell – ဟာ့ဒ်ဝဲအခြေပြုဖြစ်ပြီး တံခါးခေါင်းလောင်းကဲ့သို့ စားပွဲပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကိရိယာ (Physical Button) တပ်ဆင်ထားကာ ဧည့်သည်များက ၎င်းခလုတ်ကို တိုက်ရိုက်နှိပ်၍ ခေါ်ယူကြသည်။
၂။ ကုန်ကျစရိတ် နှိုင်းယှဉ်ချက်
-
Traditional Bell – ကနဦးတပ်ဆင်စရိတ် အတော်အတန် မြင့်မားနိုင်သည်။ ဥပမာ စားပွဲ ၅၀ ရှိပါက ခလုတ်ကိရိယာ ၅၀ နှင့် ဗဟိုပြသမျက်နှာပြင် (Central Display) သို့မဟုတ် လက်ပတ်နာရီ Pager များ ထပ်မံ လိုအပ်ပါသည်။
-
QR Bell – မြန်မီနူး QR Bell တွင် စားပွဲတိုင်းအတွက် သီးခြား QR ကုဒ်တစ်ခုစီနှင့် လက်ခံရရှိသည့် Central Display Application ပါဝင်ပါသည်။ ကနဦးစရိတ်မှာ သင့်တင့်မျှတပြီး နှစ်စဉ် ဝန်ဆောင်ခ အနည်းငယ်သာ ကျသင့်ပါသည်။
၃။ စနစ်တပ်ဆင်ခြင်း နှိုင်းယှဉ်ချက်
-
Traditional Bell – ကနဦးတွင် စားပွဲတိုင်းရှိ ခလုတ်ကိရိယာများကို ဗဟိုပြသမျက်နှာပြင်နှင့် တစ်ခုချင်း Pair (တွဲချိတ်) ပေးရပါသည်။ အကယ်၍ အခန်းများ ဝေးလံနေပါက သို့မဟုတ် နံရံထူထဲ၍ RF အချက်ပြမှု အားနည်းပါက Repeater (Amplifier) ထပ်မံတပ်ဆင်ရန် လိုအပ်နိုင်သည်။ လက်ပတ် Pager များ သုံးပါက Pager နံပါတ်များကိုလည်း သတ်မှတ်ပေးရသည်။
-
QR Bell – မြန်မီနူး QR Bell တွင် စားပွဲများကို စနစ်အတွင်း တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ ထည့်သွင်းနိုင်ပြီး ရှုပ်ထွေးသော တပ်ဆင်မှုများ မလိုအပ်ပါ။
၄။ စားပွဲပေါ် တပ်ဆင်ခြင်း နှိုင်းယှဉ်ချက်
-
QR Bell – QR ကုဒ်ပါသည့် စတစ်ကာ သို့မဟုတ် Standee ကို စားပွဲပေါ်တွင် ကပ်၍ သို့မဟုတ် တင်၍ ထားရုံပါပဲ။ ထို့နောက် Central Display Screen ကို အန်းဒရိုက် စက်ပစ္စည်းတွင် ဖွင့်ထားရုံဖြင့် အဆင်သင့် အသုံးပြုနိုင်ပါပြီ။
-
Traditional Bell – ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကိရိယာများကို စားပွဲတိုင်းတွင် နေရာချထားရပြီး ဗဟိုပြသမျက်နှာပြင်အတွက်လည်း သီးသန့်နေရာ စီစဉ်ပေးရသည်။ လက်ပတ်များ သုံးပါက ၎င်းတို့ကိုလည်း စနစ်တကျ စီမံခန့်ခွဲရသည်။
၅။ လုပ်ဆောင်နိုင်စွမ်း နှိုင်းယှဉ်ချက်
-
QR Bell – မြန်မီနူး QR Bell တွင် ခလုတ် ၄ ခုပါရှိပြီး (ဥပမာ – မီနူးတောင်း၊ ရေတောင်း၊ ငွေရှင်း၊ တိုင်ကြားချက်) စသည်ဖြင့် သင့်ဆိုင်၏ လိုအပ်ချက်အလိုက် စိတ်ကြိုက် သတ်မှတ်နိုင်ပါသည်။
-
Traditional Bell – ဟာ့ဒ်ဝဲ ခလုတ်များဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်သလောက်ပင် ဖြစ်သည်။
၆။ သန့်ရှင်းတစ်ကိုယ်ရေသုံး (Hygiene) နှိုင်းယှဉ်ချက်
-
QR Bell – ဧည့်သည်များသည် မိမိဖုန်းပေါ်တွင် နှိပ်ရုံဖြင့် ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကို ထိတွေ့စရာ မလိုဘဲ Contactless ဖြစ်စွာ အသုံးပြုနိုင်သည်။
-
Traditional Bell – ဧည့်သည်များသည် လူအများထိတွေ့နေသော ရုပ်ပိုင်းဆိုင်ရာ ခလုတ်ကို တိုက်ရိုက်နှိပ်ရပါသည်။
၇။ ပြုပြင်ထိန်းသိမ်းခြင်း နှိုင်းယှဉ်ချက်
-
Traditional Bell – စားပွဲ ၅၀ ရှိပါက ခလုတ်ကိရိယာ ၅၀ လုံး၏ သန့်ရှင်းမှု၊ ဘက်ထရီအားအခြေအနေနှင့် ခလုတ်တစ်ခုချင်း အလုပ်လုပ်မှုကို ပုံမှန်စစ်ဆေးရပြီး လိုအပ်ပါက ပြုပြင်ခြင်း၊ ဘက်ထရီလဲလှယ်ခြင်းနှင့် အသစ်အစားထိုးခြင်းများ ပြုလုပ်ရသည်။
-
QR Bell – QR ကုဒ်သက်သက်သာ ပါဝင်သောကြောင့် အထက်ပါ ပြုပြင်ထိန်းသိမ်းမှု ဒုက္ခများမှ လုံးဝ ကင်းဝေးပါသည်။
အကျဉ်းချုပ် ဆုံးဖြတ်ချက် ဇယား
| သတ်မှတ်ချက် | QR Bell | Traditional Bell |
|---|---|---|
| ကနဦးရင်းနှီးမြှုပ်နှံမှု | သင့်တင့်မျှတ | မြင့်မား |
| ရေရှည်ပြုပြင်စရိတ် | အလွန်နည်းပါး (နှစ်စဉ်ဝန်ဆောင်ခ) | မြင့်မား (ဘက်ထရီလဲ၊ ပြုပြင်ထိန်းသိမ်း) |
| တပ်ဆင်ရလွယ်ကူမှု | အလွန်လွယ်ကူ | ရှုပ်ထွေး |
| ဧည့်သည်အသုံးပြုရလွယ်ကူမှု | မိမိဖုန်းဖြင့် ရင်းနှီးပြီးသား | ခလုတ်နှိပ်ရုံသာ ရိုးရှင်း |
| သန့်ရှင်းမှု | အဆင့်မြင့်ဆုံး (Contactless) | ပုံမှန် |
| စိတ်ကြိုက်ပြင်ဆင်နိုင်မှု | လွယ်ကူစွာ ပြောင်းလဲနိုင် | မပြောင်းလဲနိုင် |
နိဂုံးချုပ် အကြံပြုချက်
မြန်မီနူး အနေဖြင့် သင့်ဆိုင်အတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည့် ဆန်းသစ်သော ဝန်ဆောင်မှုများကို အမြဲတမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ QR Table Bell တွင် –
-
သင့်တင့်မျှတသော ကနဦးတပ်ဆင်ခ (One-time Installation Fee) နှင့်
-
ပုံမှန်နှစ်စဉ် ဝန်ဆောင်ခ (Annual Service Fee) တို့ ပါဝင်ပါသည်။
Traditional Bell သည် ကနဦးတွင် တစ်ကြိမ်တည်းပေးချေရသည့်စနစ် ဖြစ်သော်လည်း ကနဦးတပ်ဆင်စရိတ် မြင့်မားခြင်း၊ ဘက်ထရီ လဲလှယ်ရခြင်း၊ ပြုပြင်ထိန်းသိမ်းရာတွင် အလုပ်ရှုပ်ထွေးခြင်းတို့ကို ထည့်သွင်းစဉ်းစားပါက ရေရှည်တွင် ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်ပါသည်။ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းမှု ဒုက္ခကင်းဝေးပြီး အာမခံဖြင့် အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေသော မြန်မီနူး၏ QR Table Bell သည် ခေတ်မီဆန်းသစ်သော သင့်ဆိုင်အတွက် အထူးသင့်လျော်သည့် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရပါသည်။
ယနေ့ပဲ ပြောင်းလဲအသုံးပြုလိုက်ပါ – သင့်ဆိုင်ကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုအဆင့်သို့ ရောက်ရှိစေဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ။
#မြန်မီနူး #QRBell #RestaurantTech #MyanmarRestaurant
What's Your Reaction?