General Service Terms & Conditions of Myan Menu
မြန်မီနူး (MyanMenu) သည် စားသောက်ဆိုင်လုပ်ငန်းများအတွက် ထိရောက်အကျိုးရှိသော နည်းပညာစနစ်များကို တာဝန်ယူဝန်ဆောင်မှုပေးနေသည့် မြန်မာနိုင်ငံ၏ No.1 အချိန်မရွေး ငွေပြန်အမ်းအာမခံပေးသော ဝန်ဆောင်မှုအဖွဲ့အစည်း ဖြစ်ပါသည်။ ဝန်ဆောင်မှုအသုံးပြုသူများ (Clients/Customers) အနေဖြင့် ကျွန်ုပ်တို့၏ အိုင်တီနည်းပညာဆိုင်ရာ အကူအညီများကို ထိရောက်ကျယ်ပြန့်စွာ အသုံးချနိုင်ရေးအတွက် အောက်ပါ "အထွေထွေ ဝန်ဆောင်မှု စည်းကမ်းချက်များ" ကို ကြိုတင်ဖတ်ရှု သဘောတူလက်ခံရန် လိုအပ်ပါသည်။
အထွေထွေ ဝန်ဆောင်မှု စည်းကမ်းချက်များ
(General Service Terms & Conditions)
၁။ နိဒါန်း (Introduction)
-
၁.၁။ ဤစည်းကမ်းချက်များသည် MyanMenu ဆော့ဖ်ဝဲလ်စနစ်နှင့် ဆက်စပ်ဝန်ဆောင်မှုများ အသုံးပြုခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက်၏ အခွင့်အရေးနှင့် တာဝန်များကို သတ်မှတ်သည့် စာရွက်စာတမ်း ဖြစ်ပါသည်။
-
၁.၂။ ဝန်ဆောင်မှု အသုံးပြုသူသည် MyanMenu ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ ဤစည်းကမ်းချက်များကို အပြည့်အဝ လိုက်နာရန် သဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါသည်။
-
၁.၃။ ဤစည်းကမ်းချက်များသည် ဝန်ဆောင်မှု အသုံးပြုသူနှင့် ဝန်ဆောင်မှု ပေးအပ်သူအကြား ကြိုတင်နားလည် သဘောတူညီထားသော အထွေထွေ ဝန်ဆောင်မှု သဘောတူညီချက် (General Service Terms & Conditions) ဖြစ်ပါသည်။
၂။ အဓိပ္ပာယ် ဖွင့်ဆိုချက်များ (Definitions)
-
၂.၁။ "ဝန်ဆောင်မှု ပေးအပ်သူ" ဆိုသည်မှာ MyanMenu ဆော့ဖ်ဝဲလ်စနစ်နှင့် ဆက်စပ်ဝန်ဆောင်မှုများကို ပေးအပ်သော ကုမ္ပဏီ/ထောက်ပံ့သူ (provider) ကို ဆိုလိုပါသည်။
-
၂.၂။ "ဝန်ဆောင်မှု အသုံးပြုသူ" ဆိုသည်မှာ ဝန်ဆောင်မှု ပေးအပ်သူနှင့် သဘောတူညီချက် ချုပ်ဆိုပြီး သို့မဟုတ် MyanMenu ဆော့ဖ်ဝဲလ်စနစ်ကို အသုံးပြုခွင့် ရရှိထားသော လုပ်ငန်းရှင် သို့မဟုတ် အဖွဲ့အစည်း (client) ကို ဆိုလိုပါသည်။
-
၂.၃။ "ဆော့ဖ်ဝဲလ်စနစ်" ဆိုသည်မှာ MyanMenu မှ ဖန်တီးထားသော Cloud-based Restaurant Management System နှင့် ၎င်း၏ ဆက်စပ် Feature များ၊ Module များ Table QR၊ E-Menu၊ POS၊ Inventory၊ CRM စသည်များကို (services) ဆိုလိုပါသည်။
-
၂.၄။ "လက်ရှိ ရှိရင်းစွဲ အခြေအနေ (AS-IS)" ဆိုသည်မှာ ဝန်ဆောင်မှု ပေးအပ်သူ၏ မူလ Standard စနစ်အတိုင်း ရေးဆွဲထားသော Feature များ၊ UI/UX ဒီဇိုင်းနှင့် ပါဝင်အကြောင်းအရာများကို (as-is) ဆိုလိုပါသည်။
-
၂.၅။ "ရရှိနိုင်သော အခြေအနေ (AS-AVAILABLE)" ဆိုသည်မှာ လက်ရှိ စနစ်၏ လည်ပတ်နိုင်စွမ်းနှင့် ဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေအတိုင်းကို (as-available) ဆိုလိုပါသည်။
-
၂.၆။ "စနစ် ချို့ယွင်းချက် (Defect/Bug)" ဆိုသည်မှာ စနစ်၏ တရားဝင် ဖော်ပြထားသော မူလ Standard အတိုင်း အလုပ်မလုပ်ဘဲ ရပ်တန့်သွားခြင်း သို့မဟုတ် သတ်မှတ်ထားသော စနစ်စွမ်းဆောင်ရည် လွဲမှားသွားခြင်းကို (defect/bug) ဆိုလိုပါသည်။
-
၂.၇။ "Standard System Logic" ဆိုသည်မှာ စနစ်တစ်ခုလုံး၏ လုံခြုံရေး၊ မြန်ဆန်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် မူလကတည်းက စနစ်တကျ ရေးဆွဲထားသည့် ကန့်သတ်ချက်များနှင့် စည်းမျဉ်းများကို (standard) ဆိုလိုပါသည်။
၃။ ဝန်ဆောင်မှု ပေးအပ်ခြင်း (Service Provisioning)
-
၃.၁။ ဝန်ဆောင်မှု ပေးအပ်သူသည် ဆော့ဖ်ဝဲလ်စနစ်ကို "လက်ရှိ ရှိရင်းစွဲ အခြေအနေ (AS-IS)" နှင့် "ရရှိနိုင်သော အခြေအနေ (AS-AVAILABLE)" အတိုင်း အသုံးပြုခွင့် ပေးအပ်ခြင်း ဖြစ်ပါသည်။
-
၃.၂။ ဝန်ဆောင်မှု အသုံးပြုသူသည် ဆော့ဖ်ဝဲလ်စနစ်သည် သုံးစွဲသူ အများအတွက် မူလအတိုင်း စံသတ်မှတ်ချက်များဖြင့် ရေးဆွဲထားသည့် Standard Platform/SaaS ဖြစ်ကြောင်း သဘောတူလက်ခံပါသည်။
-
၃.၃။ စနစ်၏ မူလရေးဆွဲထားသော Feature စွမ်းဆောင်ရည်၊ UI/UX ဒီဇိုင်း အခင်းအကျင်းနှင့် Performance Benchmark အကန့်အသတ်များသည် ဝန်ဆောင်မှု ပေးအပ်သူ၏ မူလ Standard စနစ်အတိုင်းသာ ဖြစ်ပြီး၊ ထိုသို့ ဖြစ်ခြင်းသည် စနစ်၏ ပုံမှန်လည်ပတ်မှု ဖြစ်ပါသည်။
-
၃.၄။ ဝန်ဆောင်မှု ပေးအပ်သူသည် ဆော့ဖ်ဝဲလ်စနစ်ကို Cloud-based နည်းပညာဖြင့် ပေးအပ်ပြီး၊ အင်တာနက် ပြတ်တောက်သည့် အချိန်များတွင်ပင် လုပ်ငန်းမရပ်တန့်စေရန် Hybrid Offline Mode ဖြင့် တည်ဆောက်ပေးထားပါသည်။
၄။ စနစ် ချို့ယွင်းချက် သတ်မှတ်ချက် (System Defect Determination)
-
၄.၁။ စနစ် ချို့ယွင်းချက် (Defect/Bug) ဟု သတ်မှတ်ရာတွင် စနစ်၏ တရားဝင် ဖော်ပြထားသော မူလ Standard အတိုင်း အလုပ်မလုပ်ဘဲ ရပ်တန့်သွားခြင်း သို့မဟုတ် သတ်မှတ်ထားသော စနစ်စွမ်းဆောင်ရည် လွဲမှားသွားခြင်းကိုသာ ဆိုလိုပါသည်။
-
၄.၂။ စနစ်၏ မူလကန့်သတ်ချက်များ (Standard System Logic) ဖြစ်သော Search ရလဒ် ပြသမှု အရေအတွက် ကန့်သတ်ချက်၊ စာမျက်နှာ ခွဲခြားခြင်း (Pagination)၊ မိုဘိုင်း အပြင်အဆင် ကန့်သတ်ချက်များနှင့် Data ပြသမှု ပမာဏ ပုံသေ သတ်မှတ်ထားခြင်းတို့သည် စနစ်တစ်ခုလုံး၏ လုံခြုံရေး၊ မြန်ဆန်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် စနစ်တကျ ရေးဆွဲထားသည့် Standard Logic များ ဖြစ်သဖြင့် စနစ်ချို့ယွင်းချက် (Bug) အဖြစ် သတ်မှတ်ခြင်း မပြုပါ။
-
၄.၃။ စနစ် ချို့ယွင်းချက် ဟုတ်/မဟုတ် ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ ဝန်ဆောင်မှု ပေးအပ်သူ၏ နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။
၅။ ဝန်ဆောင်မှု အသုံးပြုခွင့်နှင့် ကန့်သတ်ချက်များ (Usage Rights & Restrictions)
-
၅.၁။ ဝန်ဆောင်မှု အသုံးပြုသူသည် Subscription ကာလအတွင်း စနစ်ကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။
-
၅.၂။ ဝန်ဆောင်မှု အသုံးပြုသူသည် စနစ်ကို တရားဝင် ခွင့်ပြုထားသည့် ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ အောက်ပါ လုပ်ဆောင်ချက်များကို လုံးဝ ပြုလုပ်ခွင့် မရှိပါ -
-
(က) စနစ်၏ Source Code ကို ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပြန်လည် ဖြန့်ဖြူးခြင်း။
-
(ခ) စနစ်ကို တတိယပုဂ္ဂိုလ်ထံ ပြန်လည် ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်း။
-
(ဂ) စနစ်ကို နည်းပညာအရ ထိခိုက်စေမည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ပြုလုပ်ခြင်း။
-
(ဃ) စနစ်မှ ရရှိသည့် Data များကို ဝန်ဆောင်မှု ပေးအပ်သူ၏ ခွင့်ပြုချက် မရှိဘဲ ပြင်ပသို့ ထုတ်ယူခြင်း။
-
-
၅.၃။ ဝန်ဆောင်မှု အသုံးပြုသူသည် ဤကန့်သတ်ချက်များကို ချိုးဖောက်ပါက ဝန်ဆောင်မှု ပေးအပ်သူသည် ဝန်ဆောင်မှုကို ချက်ချင်း ရပ်ဆိုင်းပိုင်ခွင့် ရှိပါသည်။
၆။ မူပိုင်ခွင့်နှင့် စနစ် ပိုင်ဆိုင်မှု (Intellectual Property & Ownership)
-
၆.၁။ ဆော့ဖ်ဝဲလ်စနစ်၏ မူပိုင်ခွင့် (Intellectual Property Rights)၊ Source Code၊ Architecture၊ UI/UX ဒီဇိုင်းနှင့် ဆက်စပ် နည်းပညာဆိုင်ရာ အခွင့်အရေးများသည် ဝန်ဆောင်မှု ပေးအပ်သူထံသာ လုံးဝ ပိုင်ဆိုင်ပါသည်။
-
၆.၂။ ဝန်ဆောင်မှု အသုံးပြုသူသည် Subscription ကာလအတွင်း စနစ်ကို အသုံးပြုခွင့်သာ ရရှိမည်ဖြစ်ပြီး၊ မူပိုင်ခွင့် လွှဲပြောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း ခွဲဝေပေးခြင်း မပြုပါ။
-
၆.၃။ ဝန်ဆောင်မှု ပေးအပ်သူသည် ဆော့ဖ်ဝဲလ်၏ Development Roadmap၊ UI/UX အပြင်အဆင်နှင့် စနစ်တစ်ခုလုံး၏ Architecture ပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုများကို မိမိ၏ တစ်ဦးတည်းသော ဆုံးဖြတ်ပိုင်ခွင့်ဖြင့် အကောင်အထည်ဖော် ပေးပို့သွားမည် ဖြစ်ပါသည်။
၇။ ဝန်ဆောင်မှု အစီအစဉ်နှင့် သက်တမ်း (Service Plan & Term)
-
၇.၁။ ဝန်ဆောင်မှု အစီအစဉ်နှင့် သက်တမ်းဆိုင်ရာ အသေးစိတ်ကို နှစ်ဦးနှစ်ဖက် သီးခြား သဘောတူညီချက်တွင် သတ်မှတ်မည် ဖြစ်ပါသည်။
-
၇.၂။ Subscription သက်တမ်း တိုးလိုပါက ဝန်ဆောင်မှု ပေးအပ်သူသည် ဝန်ဆောင်မှု တိုးချဲ့ရန်အတွက် Service Extension Bill ကို ပေးပို့မည် ဖြစ်ပါသည်။
-
၇.၃။ ဝန်ဆောင်မှု အသုံးပြုသူသည် မိမိဆန္ဒရှိပါက ဝန်ဆောင်မှု သက်တမ်းကို တိုးချဲ့နိုင်ပါသည်။ သက်တမ်း တိုးချဲ့ခြင်း မပြုလိုပါက ဝန်ဆောင်မှုမှာ ရပ်တန့်သွားနိုင်မည်ဖြစ်၍ မည်သည့် တာဝန်မျှ ရှိမည် မဟုတ်ပါ။
၈။ လုံခြုံရေးနှင့် ဒေတာ ကာကွယ်မှု (Security & Data Protection)
-
၈.၁။ ဝန်ဆောင်မှု ပေးအပ်သူသည် ဝန်ဆောင်မှု အသုံးပြုသူ၏ ဒေတာများကို လုံခြုံစွာ ထိန်းသိမ်းရန် အစီအမံများ ဆောင်ရွက်မည် ဖြစ်ပါသည်။
-
၈.၂။ ဝန်ဆောင်မှု အသုံးပြုသူသည် မိမိ၏ အကောင့် အချက်အလက်များနှင့် လျှို့ဝှက်ချက်များကို လုံခြုံစွာ ထိန်းသိမ်းရန် တာဝန်ရှိပါသည်။
၉။ Scope ပြင်ပ တောင်းဆိုမှုများ (Out-of-Scope Requests)
-
၉.၁။ ဝန်ဆောင်မှုသည် AS-IS နှင့် AS-Available အတိုင်း ဖြစ်ပါသည်။ ဝန်ဆောင်မှု ပေးအပ်သူသည် မူလ စနစ်ကို Client တစ်ဦးချင်း၏ လိုအပ်ချက် (သို့မဟုတ်) လိုချင်မှုများအလိုက် Customized လိုက်လံ ပြင်ဆင်ပေးရန် တာဝန်မရှိပါ။
-
၉.၂။ ဝန်ဆောင်မှု အသုံးပြုသူ၏ သီးသန့် လိုအပ်ချက်အရ မူလ Standard Logic များကို ပြောင်းလဲခြင်း၊ ပြသသည့် အကန့်အသတ်များကို တိုးချဲ့ခြင်း သို့မဟုတ် UI/UX အပြင်အဆင်များကို သီးသန့် ပြင်ဆင်ပေးရန် တောင်းဆိုခြင်းများသည် Standard Subscription ဝန်ဆောင်မှု Scope ပြင်ပ (Out-of-Scope) ဖြစ်ပါသည်။
-
၉.၃။ ဝန်ဆောင်မှု ပေးအပ်သူသည် ထိုသို့သော တောင်းဆိုမှုများကို သီးသန့် Change Request (CR) အဖြစ် သီးခြား စိစစ်အကဲဖြတ်မည် ဖြစ်ပါသည်။ မသင့်တော်ပါက ပယ်ချနိုင်သလို သင့်တော်သည်ဟု ယူဆပါက နည်းပညာအရ ဆောင်ရွက်နိုင်စွမ်း၊ ကြာမြင့်ချိန်နှင့် ကုန်ကျစရိတ်များကို သီးသန့် တွက်ချက် တောင်းခံပိုင်ခွင့် ရှိပါသည်။
-
၉.၄။ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရရှိပြီးမှသာ ပြင်ဆင်မှု လုပ်ငန်းစဉ်ကို စတင်မည် ဖြစ်ပါသည်။ ထို့အပြင် ပြင်ဆင်မှု လုပ်ငန်းစဉ်အတွင်းနှင့် ပြီးစီးပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ သက်ရောက်မှုများအတွက် ဝန်ဆောင်မှု ပေးအပ်သူတွင် တာဝန်မရှိပါ။
၁၀။ စည်းကမ်းချက် ချိုးဖောက်မှုနှင့် ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း (Breach & Termination)
-
၁၀.၁။ ဝန်ဆောင်မှု အသုံးပြုသူသည် ဤစည်းကမ်းချက်များကို ချိုးဖောက်ပါက ဝန်ဆောင်မှု ပေးအပ်သူသည် ဝန်ဆောင်မှုကို ချက်ချင်း ရပ်ဆိုင်းခြင်း သို့မဟုတ် သဘောတူညီချက် ဖျက်သိမ်းခြင်း ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
-
၁၀.၂။ သဘောတူညီချက် ဖျက်သိမ်းပါက ဝန်ဆောင်မှု အသုံးပြုသူသည် စနစ်အတွင်းရှိ မိမိ၏ ဒေတာများကို သတ်မှတ်ကာလအတွင်း ထုတ်ယူရမည်ဖြစ်ပြီး၊ ထိုကာလ ကျော်လွန်ပါက ဒေတာများကို ဖျက်ဆီးပိုင်ခွင့် ရှိပါသည်။
၁၁။ အငြင်းပွားမှု ဖြေရှင်းခြင်း (Dispute Resolution)
-
၁၁.၁။ နှစ်ဦးနှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ပွားပါက ဝန်ဆောင်မှု ပေးအပ်သူ၏ တရားမျှတသော ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင် ဖြေရှင်းရမည် ဖြစ်ပါသည်။
-
၁၁.၂။ ဝန်ဆောင်မှု ပေးအပ်သူ၏ ဆုံးဖြတ်ချက်သည် နှစ်ဦးနှစ်ဖက် စလုံးအပေါ် သက်ရောက်မှုရှိပြီး လိုက်နာရမည် ဖြစ်ပါသည်။
၁၂။ စည်းကမ်းချက် ပြင်ဆင်မွမ်းမံခြင်း (Amendment of Terms)
-
၁၂.၁။ MyanMenu သည် လိုအပ်ပါက ဤစည်းကမ်းချက်များကို ကြိုတင်အသိပေးခြင်း ရှိ/မရှိ ပြင်ဆင်မွမ်းမံပိုင်ခွင့် ရှိပါသည်။
-
၁၂.၂။ ပြင်ဆင်မွမ်းမံထားသော စည်းကမ်းချက်များ (Updated Version) ကို တရားဝင် စာမျက်နှာ (Official Page) သို့မဟုတ် သက်ဆိုင်ရာ နေရာများတွင် ထုတ်ပြန် အသိပေးမည် ဖြစ်ပါသည်။
-
၁၂.၃။ ပြင်ဆင်မွမ်းမံထားသော စည်းကမ်းချက်များကို ထုတ်ပြန်ပြီးနောက် ဝန်ဆောင်မှု အသုံးပြုသူက ဝန်ဆောင်မှုကို ဆက်လက် အသုံးပြုပါက ထိုစည်းကမ်းချက်များကို လက်ခံသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။
-
၁၂.၄။ ဝန်ဆောင်မှု အသုံးပြုသူသည် MyanMenu ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ ဤစည်းကမ်းချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူမည် ဖြစ်ပါသည်။
၁၃။ ဆက်သွယ်ရန် (Contact)
-
၁၃.၁။ ဤစည်းကမ်းချက်များနှင့် ပတ်သက်၍ မေးခွန်းများ သို့မဟုတ် အခက်အခဲများ ရှိပါက myanmenu.com ရှိ Contact Us စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
-
၁၃.၂။ ဤစည်းကမ်းချက်များသည် ဝန်ဆောင်မှု အသုံးပြုသူက MyanMenu ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ အသက်ဝင်မည် ဖြစ်ပါသည်။
What's Your Reaction?