မြန်မီနူး စားသောက်ဆိုင်စနစ်ရဲ့ Menu Structure က ဘာကြောင့် အကောင်းဆုံး ဖြစ်နေရတာလဲ

စားသောက်ဆိုင်သုံး POS စနစ်မှာ Menu Structure ဘာကြောင့် Flat ဖြစ်ဖို့ လိုတာလဲ။ မြန်မီနူး (MyanMenu) ရဲ့ မီနူး တည်ဆောက်ပုံက အော်ဒါ မှာယူမှုကို ဘယ်လို မြန်ဆန်စေပြီး အရောင်း တိုးတက်စေသလဲ ဆိုတာကို လေ့လာလိုက်ပါ။

မြန်မီနူး စားသောက်ဆိုင်စနစ်ရဲ့ Menu Structure က ဘာကြောင့် အကောင်းဆုံး ဖြစ်နေရတာလဲ

အရင်ဦးဆုံး သတိပြုမိစေချင်တဲ့ အချက်တစ်ခုရှိပါတယ်။ မြန်မီနူး (MyanMenu) ဆိုတာ လက်လီဆိုင်သုံးစနစ်နဲ့ စားသောက်ဆိုင်သုံးစနစ်ကို ပေါင်းစပ်ထားတာမျိုး မဟုတ်ဘဲ၊ စားသောက်ဆိုင်လုပ်ငန်း စီမံခန့်ခွဲမှုသီးသန့် (Dedicated Restaurant POS) အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ စနစ်ဖြစ်ပါတယ်။

စားသောက်ဆိုင်တစ်ဆိုင်ရဲ့ လုပ်ငန်းခွင် လိုအပ်ချက်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ နည်းပညာနဲ့ လုပ်ငန်းခွင်အတွေ့အကြုံများကို အခြေခံပြီး စနစ်တကျ တည်ဆောက်ထားတာ ဖြစ်ပါတယ်။


၁။ မြန်မီနူးရဲ့ Menu Structure က ဘာလဲ။

မြန်မီနူးရဲ့ မီနူးဖွဲ့စည်းပုံဟာ လိုတိုရှင်း (Flat Structure) ဖြစ်ပါတယ်။

  • ပုံစံ (၁): မီနူးအမျိုးအစားခွဲ > စားဖွယ်
  • ပုံစံ (၂): မီနူးအမျိုးအစားခွဲ > မီနူးအမျိုးအစားခွဲ > စားဖွယ်

မြန်မီနူး မီနူးဖွဲ့စည်းပုံသည် ပုံစံ (၁) ဖြစ်ပါသည်။ ပုံစံ (၁) ကို ပို၍ မြင်သာစေရန် အောက်ဘက်တွင် နမူနာ ပြသပေးပါမည်။

နမူနာ မီနူးတည်ဆောက်ပုံစံ ဥပမာ -

  • မနက်စာ > မုန့်ဟင်းခါး၊ အီကြာကွေး၊ စမူဆာ
  • တရုတ်စာ > ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်

Client သည် သူ၏ ဆိုင်မီနူးအမျိုးအစားခွဲများစွာကို စနစ်အတွင်း အရင်ဦးဆုံး သတ်မှတ်ထည့်သွင်းရပါမည်။ သင့်ဆိုင် ဦးစားပေး ရောင်းချလိုသော မီနူးအမျိုးအစားခွဲများအလိုက် အထက်အောက် Sorting (အစီအစဉ်) များကိုလည်း အချိန်နှင့်တပြေးညီ ပြောင်းလဲနိုင်ပါသေးတယ်။

အထက်ပါသည် မီနူးအမျိုးအစားခွဲကို ပြောပြခဲ့ခြင်းပါ။ အခု သူအောက်ဘက်တွင် ရှိသော စားဖွယ်မီနူးတစ်ခုချင်း၏ ဖွဲ့စည်းပုံစံကို ဆက်လက်ဖော်ပြပေးပါမည်။

ဧည့်သည်စိတ်ကြိုက် ပြင်ဆင်နိုင်မှု ဥပမာ -

  • မုန့်ဟင်းခါး - ၅,၀၀၀ Ks (အပိုဆောင်း- ပဲကြော် +၁,၀၀၀ Ks ၊ ငါးဖယ် +၂,၀၀၀ Ks ၊ အိုးဘဲဥ +၂,၀၀၀ Ks)
  • တိုက်ဂါးဘီယာ - 0 Ks (သံဗူးရှည် − ၅,၀၀၀ Ks ၊ သံဗူးတို - ၄,၀၀၀ Ks ၊ စည် - ၃,၅၀၀ Ks)
  • ထမင်းကြော် - 0 Ks (ကြက် − ၅,၀၀၀ Ks ၊ ဝက် - ၄,၀၀၀ Ks ၊ ပင်လယ်စာ - ၃,၅၀၀ Ks)

အဓိက အကျိုးကျေးဇူး - မြန်မီနူးစနစ်ရဲ့ Menu Structure ဟာ ကောင်တာ ငွေကိုင် (Cashier) အတွက်တင် မဟုတ်ပါဘူး။ စားသုံးသူ ဧည့်သည်ကိုယ်တိုင် Table QR Code ကို စကန်ဖတ်ပြီး အော်ဒါမှာယူတဲ့အခါမှာလည်း ကြည့်ရှုရလွယ်ကူ သပ်ရပ်စေပါတယ်။ စားဖွယ်ရဲ့ ရွေးချယ်စရာတွေ (Options)၊ ဈေးနှုန်းတွေနဲ့ စားဖွယ်အမျိုးအစားစုံလင်မှုကို ရှင်းလင်းစွာ မြင်တွေ့ရတဲ့အတွက် အော်ဒါမှာယူမှု ပိုမိုမြန်ဆန်ပြီး အရောင်းတိုးစေတဲ့ မီနူး structure ဖြစ်ပါတယ်။


၂။ ဘာကြောင့် မီနူးအဆင့်များစွာ (Multi-level Subcategories) မလိုအပ်တာလဲ။

မြန်မီနူးရဲ့ မီနူးဖွဲ့စည်းမှုဟာ လုပ်ငန်းခွင်အတွေ့အကြုံ (၁၀) နှစ်ကျော်ကို အခြေခံထားတဲ့ အလွန်ခိုင်မာတဲ့ Structure ဖြစ်ပါတယ်။ ဘာကြောင့် စားသောက်ဆိုင်စနစ်မှာ မီနူးအဆင့်တွေ အများကြီးမလိုတာလဲဆိုရင် -

၁) စားသောက်ဆိုင်သည် လက်လီ (Retail) ကဲ့သို့ မီနူး ထောင်/သောင်းချီ မရှိခြင်း

  • Retail System (အိုင်တမ် ၁,၀၀၀ ကျော်) : အမျိုးအစား > Sub-category > Sub-category > အိုင်တမ် ပုံစံက သင့်တော်ပါတယ်။
  • Restaurant System (စားဖွယ် ၁,၀၀၀ အောက်) : အမျိုးအစား > စားဖွယ် ပုံစံကသာ အထိရောက်ဆုံး ဖြစ်ပါတယ်။

၂) မလိုအပ်ဘဲ Click နှိပ်ရသည့် အဆင့်များကို လျှော့ချနိုင်ခြင်း

မီနူးအဆင့် များလေလေ၊ ကောင်တာဝန်ထမ်းရော ဧည့်သည်ပါ Click တွေ အကြိမ်ကြိမ် နှိပ်ပြီးမှ စားဖွယ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြန်မီနူးရဲ့ တစ်ဆင့် မီနူးပုံစံဟာ လိုအပ်ချက်အတွက် စက္ကန့်ပိုင်းအတွင်း အော်ဒါရွေးချယ်နိုင်အောင် ထိရောက်စေပါတယ်။

၃) ဧည့်သည်ကို အမျိုးအစားများကို ရှင်းလင်းစွာ ပြသနိုင်ခြင်း

မီနူးအဆင့်တွေ ပုပ်နေမယ့်အစား အမျိုးအစားအုပ်စုများကို ရှင်းလင်းစွာ ပြသထားပြီး အောက်မှာ စားဖွယ်များစွာကို တန်းစီရှာဖွေနိုင်အောင် ပြုလုပ်ထားပါတယ်။ ဗိုက်ဆာနေတဲ့ ဧည့်သည်အတွက် မီနူးအဆင့်ပေါင်းများစွာကို ထိုင်ရွေးနေရတာမျိုး မဖြစ်စေဘဲ စားချင်တာကို ချက်ချင်းတွေ့အောင် ကူညီပေးပါတယ်။

၄) Perspective မျိုးစုံဖြင့် ထပ်မံခွဲခြားနိုင်ခြင်း

အမျိုးအစား > စားဖွယ် အပြင် မြန်မီနူးမှာ တခြားရှုထောင့်များမှလည်း မီနူးကို သီးသန့်ခွဲခြားပေးနိုင်ပါတယ်။ ဥပမာ - သတ်သတ်လွတ် စားသုံးသူများအတွက် VEG လား၊ အဖျော်ယမကာအတွက် BEV လား စသဖြင့် Multi-perspective Filter အဖြစ် ပံ့ပိုးပေးထားပါတယ်။

၅) ရှာဖွေရ လွယ်ကူမြန်ဆန်ခြင်း (Search & Filter)

ငွေကိုင်ဝန်ထမ်းများ မီနူးအမြန်ရှာဖွေနိုင်ဖို့အတွက် ရှာဖွေမှုစနစ် (Search Box) နဲ့ အမျိုးအစားအလိုက် Filter ပြုလုပ်မှုကို အထူးကောင်းမွန်အောင် ထည့်သွင်းထားပါတယ်။ စားဖွယ်အမည်၊ ကုဒ်နံပါတ် သို့မဟုတ် စာလုံးအနည်းငယ် ရိုက်ထည့်လိုက်ရုံနဲ့ တန်းစီကျလာမှာ ဖြစ်ပါတယ်။


နိဂုံးချုပ်နှင့် အကြံပြုချက်

မြန်မီနူး (MyanMenu) စနစ်သည် စားသောက်ဆိုင် လုပ်ငန်းခွင်သုံး သီးသန့်ဖြစ်သည့်အတွက် လက်လီ (Retail) စနစ်များနှင့် ရောနှောမထားဘဲ စားသောက်ဆိုင်များအတွက် အမှန်တကယ် လိုအပ်သော နည်းပညာရပ်များကိုသာ အကောင်းဆုံး ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

ဆိုင်တိုင်းတွင် ထူးခြားသော လိုအပ်ချက်နှင့် အိုင်ဒီယာများ ရှိနိုင်သော်လည်း မြန်မီနူးစနစ်သည် စားသောက်ဆိုင်စီမံခန့်ခွဲမှု၊ Marketing နှင့် IT နည်းပညာ အသီးအပွင့်များမှ ပေါက်ဖွားလာသော စနစ်ဖြစ်ပါသည်။ စနစ်၏ လိုတိုရှင်း ပံ့ပိုးမှုများကို စနစ်တကျ အသုံးပြုခြင်းဖြင့် သင့်ဆိုင်၏ အော်ဒါလက်ခံမှု လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာပြီး စီးပွားရေးတိုးတက်မှုအတွက် များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

What's Your Reaction?

like

dislike

love

funny

angry

sad

wow