Quotation တောင်းဆိုခြင်း နှင့် အလုပ်လက်ခံဆောင်ရွက်ပေးခြင်း အဆင့် (၁၀) ဆင့်
Quotation တောင်းဆိုခြင်း နှင့် အလုပ်လက်ခံဆောင်ရွက်ပေးခြင်း အဆင့် (၁၀) ဆင့်
ဆော့ဖ်ဝဲလ်နှင့် အိုင်တီပရောဂျက်များတွင် ဖောက်သည်များအနေဖြင့် ပရောဂျက်စတင်ချိန်မှ ပြီးစီးသည့်အထိ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်များ -
- အဆင့် (၁) - Quotation တောင်းဆိုခြင်း
Client ဘက်မှ Request for Quotation အရင်ဦးဆုံး ပြုလုပ်ပေးရပါမည်။ အဆိုပါ Client ၏ လိုအပ်ချက်များကို Viber Message တွင် (သို့) Microsoft Doc Format ဖြင့် ရေးသား၍ တောင်းဆိုပေးရမှာ ဖြစ်ပါသည်။
- အဆင့် (၂) - လိုအပ်ချက်များ ဆွေးနွေးမေးမြန်းခြင်း
Provider သည် ရှင်းပြစရာများ၊ ဆွေးနွေးတိုင်ပင်စရာများ၊ မေးခွန်းများ ရှိသည် ဆိုလျှင် အခုအဆင့်မှာ ပြုလုပ်မှာ ဖြစ်ပါသည်။
မှတ်ချက်။ ။ Provider မှ အလုပ်ဆိုင်ရာ မေးခွန်းများ မေးမြန်း၍ Client ဘက်မှ ပြည့်စုံစွာ ဖြေဆိုရပါမည်။
- အဆင့် (၃) - Quotation တွက်ချက်ခြင်းနှင့် တင်ပြခြင်း
အကယ်၍ ကိုတေးရှင်း တွက်ချက်ဖို့ အချက်အလက်ပြည့်စုံပြီ၊ ပညာရှင်ဘက်မှလည်း အိုခေတယ်ဆိုရင် အဆိုပါ အလုပ်အတွက် ဘာတွေ လုပ်ကိုင်ပေးမလဲ၊ ဘယ်လောက်ကျသင့်လဲ ရှင်းလင်းတိကျတဲ့ ကိုတေးရှင်းကို ပြုလုပ်ပေးမှာ ဖြစ်ပါသည်။
- အဆင့် (၄) - Quotation အပေါ် ဆုံးဖြတ်ခြင်း
အဆိုပါ ကိုတေးရှင်းကို Client ဘက်မှ Accept (သို့) Reject ပြုလုပ်နိုင်ပါသည်။ (သို့) ကိုတေးရှင်း သက်တမ်းကာလအတွင်း ညှိနှိုင်းဆွေးနွေးခြင်းများကို ဆက်လက် ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။
- အဆင့် (၅) - ငွေတောင်းစာ ထုတ်ပေးခြင်း
အကယ်၍ ကိုတေးရှင်း သက်တမ်းကုန် သွားတယ်၊ (သို့) Reject နှိပ်တယ်ဆိုရင် ပျက်ပြယ်ပါသည်။ Accept လုပ်တယ်ဆိုရင် အဆိုပါ အလုပ်အတွက် ငွေတောင်းစာ ထုတ်ပေးပါသည်။
မှတ်ချက်။ ။ အထက်ပါ အဆင့် ၅ဆင့်အထိ ငွေတောင်းယူခြင်း မရှိပါဘူး။
- အဆင့် (၆) - ငွေပေးချေမှုနှင့် စရံချခြင်း
ကြိုတင်နားလည်မှု (Payment Terms) နှင့်အတူ Client မှ အလုပ်စတင်ရန် စရံ (သို့) အပြည့် ငွေချေပေးရပါမည်။
- အဆင့် (၇) - အလုပ်စတင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း
Provider ဘက်မှ အလုပ်အတွက် အရင်ဆုံး အချိန်ဇယားရေးဆွဲခြင်း (သို့) တိုက်ရိုက် အကောင်အထည်ဖော်ဆောင်ခြင်း (Implementation) အဆင့်များ ပြုလုပ်ပါမည်။
- အဆင့် (၈) - စမ်းသပ်စစ်ဆေးခြင်း (UAT)
အလုပ်ပြီးပြီဆိုရင် User Acceptance Test ပြုလုပ်ရမှာ ဖြစ်ပါသည်။
- အဆင့် (၉) - ကျန်ငွေပေးချေခြင်း
ပရောဂျက် ကျန်ငွေများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးမပြုခင်နှင့် Client ၏ စိတ်ကျေနပ်စွာ အစမ်းအသုံးပြုမှုများအပြီး ပေးချေရမှာ ဖြစ်ပါသည်။
မှတ်ချက် (၁)။ ။ Before real use and after UAT အပြီးသည် Demercation Line ဖြစ်ပါသည်။
မှတ်ချက် (၂)။ ။ အကယ်လို့ နည်းပညာ၊ ပြင်ပအခြေအနေ၊ အကြောင်းတစ်ခုခုကြောင့် Project နှောင့်နှေးကြန့်ကြာမှု ဖြစ်တယ်ဆိုရင် Provider ကို မနစ်နာစေရန် တာဝန်ယူပေးရမှာ ဖြစ်ပါသည်။
- အဆင့် (၁၀) - ပရောဂျက် အောင်မြင်စွာ ပြီးစီးခြင်း
ပရောဂျက် စာရွက်စာတမ်းများ စုစည်းပေး၍ ပရောဂျက် ပြီးစီးပါမည်။
မှတ်ချက်။ ။ အကယ်၍ Customer Service ရှိတယ်ဆိုရင် ဝန်ဆောင်မှု အကူအညီများ ဆက်လက်ရရှိမှာ ဖြစ်ပါသည်။
ကိုးကားချက်။ ။ Infotech Myanmar ၏ အလုပ်လက်ခံ ဆောင်ရွက်ပေးမှု အဆင့်များကို ကိုးကားထားပါသည်။
What's Your Reaction?